Events
ITB Berlin ခရီးသွားလုပ်ငန်းပြပွဲ (The World’s Leading Travel Trade Show)
Updated At: 2022-08-17 16:20:28
ITB Berlin (International Tourism Exchange Berlin) ပြပွဲကို ခရီးသွားလာခြင်း (Travel)၊ ခရီးသွားလုပ်ငန်း (Tourism)၊ ဧည့်ဝတ်ပြုခြင်း (Hospitality) လုပ်ငန်းကဏ္ဍများအား အတူတကွဆောင်ရွက်ကြစေရန် ရည်ရွယ်၍ ကမ္ဘာတစ်ဝှမ်းမှ ခရီးသွားလုပ်ငန်းများ၏ ဗဟိုအချက်အခြာတစ်ခုအနေဖြင့် ၁၉၆၆ ခုနှစ်ကတည်းကပင် ဘာလင်မြို့တွင် Messe Berlin မှ ကြီးမှူး၍ နှစ်စဉ်စီစဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကြောင့် ၂၀၂၀ ခုနှစ်တွင် ကျင်းပနိုင်ခြင်းမရှိခဲ့ပါ။ ၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ ITB Berlin ၏ ပထမဆုံးအကြိမ် Virtual Event ကို ကျင်းပခဲ့ရာ နိုင်ငံပေါင်း (၁၂၀) မှ ပြပွဲပြသသည့် ကုမ္ပဏီပေါင်း (၃၅၁၃) ခု၊ ဝင်ရောက်အသုံးပြုသူပေါင်း (၆၅၇၀၀) ဦးတို့ရှိခဲ့ပြီး ကျွမ်းကျင်သူများ၏ ဆွေးနွေးပွဲများ၊ Business Matching များ၊ Networking ပြုလုပ်ခြင်းများ တို့ဖြင့် အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။
၂၀၂၂ ခုနှစ်တွင် ၈-၃-၂၀၂၂ မှ ၁၀-၃-၂၀၂၂ ရက်နေ့အထိ ITB Berlin Convention ကို ITB Website မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ကျင်းပ၍ Digitization, Sustainability နှင့် Resilience ပိုင်းတို့ကို ဦးတည်ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးမှုအစီအစဉ်များအားလုံးကို ITB Berlin Youtube Channel တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။ ထို့အပြင် ၁၇-၃-၂၀၂၂ ရက်နေ့တွင် ITB Berlin အတွက် Digital Business Day ကို ကျင်းပခဲ့ပါသည်။
၂၀၂၃ ခုနှစ် ITB Berlin ကို မတ်လ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ Messe Berlin တွင် ကျင်းပရန် စီစဉ်ထားရှိပြီး နိုင်ငံများစွာမှ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများ၊ ခရီးသွားကုမ္ပဏီများ၊ ဟိုတယ်လုပ်ငန်း များ ပြန်လည်စုဝေးကြပြီး ခရီးသွားလုပ်ငန်းအတွက် ဖြစ်နိုင်သည့်အလားအလာများကို တွေ့ဆုံဆွေး နွေးကြမည်ဖြစ်ပါသည်။ Host Country အဖြစ် ဂျော်ဂျီယာနိုင်ငံကို ရွေးချယ်ထားပြီး ဖွင့်ပွဲအခမ်းအနားကို ၆-၃-၂၀၂၃ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပါသည်။ ITB Berlin Convention ကိုလည်း မြေပြင် Trade Show များနှင့် တစ်ချိန်တည်းတွင် ကျင်းပရန် စီစဉ်ထားရှိပြီး ပြပွဲကာလအတွင်း တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါသည်။
ပြခန်း Registration အတွက် https://www.itb.com/en/itb/stand-registration/ တွင် ဝင်ရောက်ပြုလုပ်နိုင်ပြီး ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးပြုလုပ်၍ အထူးလျှော့ဈေးနှုန်းများ ရယူနိုင်ပြီး စက်တင်ဘာလ ၁ ရက်နေ့မှစ၍ ပုံမှန်ဈေးနှုန်းများ ရယူ၍ စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားကာ Registration ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ အသေးစိတ်ဈေးနှုန်းစာရင်းများမှာ အောက်ပါအတိုင်းဖြစ်ပြီး Communication Package နှင့် အခြားစရိတ်များကိုလည်း ပေးသွင်းရန် လိုအပ်ပါသည်-
ITB Berlin ၏ အကြီးအကဲဖြစ်သူ Mr. David Ruetz က ၂၀၂၃ ခုနှစ်၊ ITB Berlin တွင် ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ခြင်း တွေ့ဆုံဆွေးနွေးခြင်းပြုလုပ်နိုင်ခြင်းဖြစ်ပြီး Clients များ၏ တောင်းဆိုချက်အရ တစ်ဦးနှင့်တစ်ဦး ကွန်ယက်ချိတ်ဆက်မှုများ၊ သတင်းအချက်အလက်ဖလှယ်ခြင်းများ ပြန်လည်ပြုလုပ်နိုင်ကြရန်အတွက် B 2 B Show ပုံစံဖြင့် ပိုမိုဦးစားပေးကျင်းပဆောင်ရွက်သွားရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါသည်။
၂၀၂၃ ခုနှစ် ITB Berlin ပြပွဲတွင် ပါဝင်ပြသရန် စိတ်ဝင်စားသည့် မြန်မာခရီးသွားလုပ်ငန်းများ ကုမ္ပဏီများအနေဖြင့် ပြပွဲနှင့်ပတ်သက်၍ ထပ်မံအသေးစိတ်သိလိုသော အချက်အလက်များကို https://www.itb.com/en/itb/itb-berlin-for-exhibitors.html တွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါသည်။
(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)
Source: https://www.itb.com/en/
https://www.itb.com/itb/downloads-englisch/anmeldung-(2023)/itb-berlin-2023_exhibition-terms-and-conditions.pdf
More Events
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026
The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
Date: 17th to 20th September, 2025
ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်
Date: 20th to 24th October, 2025